တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိမ်နီးချင်းနိုင်ငံများနဲ့ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရန်၊ အိမ်နီးချင်း သံခင်းတမန်ခင်း လုပ်ငန်းစဉ်အတွက် ကဏ္ဍသစ်ဖွင့်လှစ်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဧပြီ ၈ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်ဆိုင်ရာ ဗဟိုအဆင့် ဆွေးနွေးပွဲမှာ သမ္မတ ရှီကျင့်ဖိန်ကပြောခဲ့တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အလေးပေးပြောခဲ့တာပါ။
သမ္မတ ရှီကျင့်ဖိန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်နဲ့ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌတာဝန်ကို ပူးတွဲယူထားတဲ့သူလည်းဖြစ်ပါတယ်။
#mercury#mercurynews#တရုတ်#နိုင်ငံတကာသတင်း#ရှီကျင့်ဖိန်