———————————————————————————————-
၂၀၂၄ခုနှစ်သြဂုတ်လ(၂၆)ရက်
ဗြိတိသျှကိုတော်လှန်လို့ မန္တလေးထောင်မှာအကျဉ်းကျခဲ့တဲ့ အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ ပထမဦးဆုံးခေါင်းဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း ရေးသားထားတဲ့ စာအုပ်အပါ အဝင် စာရေးဆရာဟိန်းလတ် ရဲ့ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern Houseမှာ မိတ်ဆက်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
စာရေးဆရာဟိန်းလတ်ရဲ့ ‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိယခေါင်း ဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယခေါင်းဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။
နယ်ချဲ့က အိန္ဒိယမှာပင်မထားရဲလို့ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းတွေကိုရေးသားဖော်ပြထားတဲ့ စာအုပ် လည်းဖြစ်ပါတယ်။
မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူတွေအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထားတယ်လို့ဆိုပါတယ်။
စာရေးဆရာဟိန်းလတ် ရဲ့ အဲဒီ့စာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေ ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။