Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာရှ၊အာဆီယံသံတမန်အတွေ့အကြုံများသည့် မစ္စ မာကျားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်ခန့်အပ်

၂၀၂၄ခုနှစ် သြဂုတ်လ၁၂ရက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် မြန်မာအပါအဝင် အာရှ၊အာဆီယံနိုင်ငံတွေမှာ သံတမန် အတွေ့အကြုံများစွာ ရှိတဲ့ မစ္စ မာကျားကို မြန်မာနိုင်ငံအစိုးရဲ့ သဘောတူညီနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးအဖြစ်ခန့် အပ်လိုက်တယ်လို့ သိရပါတယ်။

မစ္စမာကျားဟာ တရုတ်နိုင်ငံအတွင်းမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊သံအရာရှိ၊ တတိယအတွင်းဝန်၊ဒုတိယအတွင်းဝန်နဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

ပြည်ပတာဝန်ထမ်းဆောင်မှုအနေနဲ့ပါကစ္စတန်၊ ဗြိတိန်နှင့် မြောက်အိုင်ယာလန်၊ဂျပန်၊ စင်ကာပူ၊ မြန်မာနဲ့ မလေးရှားအခြေစိုက် တရုတ်သံရုံးတို့မှာ သံမှူး၊သံမှူးကြီး၊ပထမအတွင်းဝန်၊ဒုတိယအတွင်း ဝန်၊တတိယအတွင်းဝန်ရာထူးတို့နဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဟိုင်နယ်ပြည်နယ်၊စမ်းရှမြို့မှာ ဒုတိယမြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သလို ၂၀၁၉ခုနှစ်မှ ဒီကနေ့အထိ အိန္ဒိယအခြေစိုက်တရုတ်သံရုံးမှာ သံမှူးကြီးနဲ့ သံအမတ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

မစ္စ မာကျားဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ တာဝန်ပြီးဆုံးလို့ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းရဲ့ နေရာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။