Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာတီတာလက်ထက်မှာ ရွှေအဆင်းနဲ့လူပြန်ဖြစ်လာတဲ့ အာဆင်နယ်ရဲ့စံချိန်


အာဆင်နယ်လို့ပြောလိုက်ရင် ချန်ပီယံလိဂ်ဖလားရဖူးလားလို့ လူတွေက မေးငေါ့ကြတယ်။ ဒါဆိုရင် အသင်းတစ်သင်းကို အစကစပြီး အသစ်ပြန်တည်ထောင်ရတာ လွယ်သလား၊ခက်သလား ရာမလို့ ပြန်မေးလိုက်ချင်တယ်။ အာတီတာဟာ ဒီအသင်းကိုရောက်လာတော့ Trust Our Process လို့ ပြောခဲ့တယ်။ အစမှာ နိမ့်ကျတော့ အဲ့ဒီစကားကို လှောင်ရယ်ရတာပေါ့။ အခု စံချိန်တစ်ခု ပြောပြမယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်နဲ့ ဝေးကွာနေတာ ဘယ်လောက်ကြာခဲ့ပြီထင်လဲ။

တိတိကျကျပြောရရင် ဘောလုံးရာသီ ၇ ရာသီကြာခဲ့ပြီ။ ၂၀၁၆-၁၇ ဘောလုံးရာသီကစပြီး ပြိုင်ပွဲဝင်ကစားခွင့်မရတာတွေပါတွင်ရင် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို မရောက်တာ ဘောလုံးရာသီ ၇ ရာသီ ရွိသြားျပီ။

အခုတော့ ၂၀၁၆-၁၇ ဘောလုံးရာသီနောက္ပိုင်းမွာ အာဆင္နယ္က ခ်န္ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို အုပ္စုအဆင့်ပွဲတွေတောင် မပြီးသေးခင် ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပြီ။

အဲ့ဒါဟာ အာတီတာပါပဲ…အဲ့ဒါဟာ အာဆင်နယ်ပါပဲ။ သူတို့လုပ်ပြနိုင်ခဲ့ကြပြီ။ အာဆင်နယ်ဟာ အာတီတာလက်ထဲမှာ ရွှေပြန်ဖြစ်လာတော့မလားဆိုတာ ဆက်ပြီး စောင့်ကြည့်ကြရတော့မှာပဲမဟုတ်လား။

May be an image of 1 person, playing football and playing American football