၂၀၂၄၊နိုဝင်ဘာလ၊၈ရက်
ရွှေးကောက်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။
လာမည့်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရွှေးကောက်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို အာဏာလွဲအပ်မှာဖြစ်ပြီး ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှု ဖြစ်စေရမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ကတိပေးခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒုသမ္မတ ကမလာ ဟဲရစ်ကိုလည်း မဲဆွယ်စည်းရုံးရေးအတွင်း စွမ်းဆောင်နိုင်ခဲ့တာတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ဓါတ်ပုံ-VOA