၂၀၂၄၊နိုဝင်ဘာလ၊၃၀ရက်
လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၃၁ ကြိမ်မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက် 31st Ordinary Congress of the ASEAN Football Federation (AFF) အခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရပါတယ်။
MFF ကိုယ်စားလှယ်အဖွဲ့မှာ ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ ပါဝင်ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ် အားအတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ယနေ့ ကျင်းပသည့် AFF Ordinary Congressမှာ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင် အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရပြီး ဦးပြည့်ဖြိုးတေဇသည် ၂၀၂၆ ခုနှစ်အထိ အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF Council Member အဖြစ် တာဝန်ယူ ဆောင်ရွက်ရမယ်လို့သိရပါတယ်။