Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အာဆီယံကလပ်ချန်ပီရှစ်ပွဲစဉ် ရှမ်းယူနိုက်တက်နှင့်ဘီဂျီပသန်(ထိုင်း)အသင်းတို့ မနက်ဖြန်ကန်မည်

————————————–

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၂၂)ရက်

ရှမ်းယူနိုက်တက်(မြန်မာ)နဲ့ ဘီဂျီပသန် (ထိုင်း) အသင်းတို့ဟာ Asean Club Championship/AFF Shopee Cup 2024-2025 အုပ်စု(A)ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ပွဲဦးထွက်အနေနဲ့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အဲဒီ့ပွဲစဉ်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပတာဖြစ်ပြီးဇန်နဝါရီလ(၂၂)ရက်၊သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရှမ်းယူနိုက်တက်အသင်း နည်းပြဟီရိုကီအိုနိုက “အသင်း နှစ်သင်းကြားက ကွာခြားမှုတွေကိုသိပါတယ်။ ဒါပေမဲ့ ကလပ်အသင်း ရပ်တည်မှုအတွက် အကောင်းဆုံး ကစားသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ BG အသင်းရဲ့ နိုင်ငံခြားသား ကစားသမားတွေ၊ အရေးကြီး ကစားသမားတွေအကြောင်း သေချာ လေ့လာထားပြီး ပြင်ဆင်ထားတယ်။ ရဲရဲ ရင့်ရင့် ကစားမယ်။ တတ်နိုင်သလောက် ကြိုးစားမယ်။ အမှတ်ရဖို့ ပစ်မှတ်ထား နေပါတယ်”လို့ပြောကြားထားပါတယ်။

ဘီဂျီပသန်(ထိုင်း) အသင်းကနည်းပြဖြစ်တဲ့Supachai Komsilp က”ရှမ်းယူနိုက်တက် အသင်းကို လေးစားမှု အပြည့်ရှိပါတယ်။ အဓိက ကစားသမား အားလုံး ခေါ်လာပါတယ်။ ရှမ်းယူနိုက်တက် အသင်းမှာ နိုင်လိုစိတ်ပြင်းထန်တဲ့ ကစား သမားတွေ ရှိတာတွေ့ရတယ်။သူတို့ အသင်းရဲ့ PSM ပွဲရယ်၊ တီရန်ဂါနူး ပွဲရယ်ကို Analysis လုပ်ပြီး လေ့ကျင့်ထားတယ်” လို့ ပြောကြားထားပါတယ်။

#mercury#mercurynews#အားကစားသတင်း#ရှမ်းယူနိုက်တက်