———————-
ဒီဇင်ဘာ ၂
ပြီးခဲ့တဲ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ် ၁၅ မှာတော့ အယ်လ်ဟီလယ်အသင်းက အယ်လ်နာဆာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။
ရော်နယ်ဒိုဦးဆောင်နေတဲ့ အယ်လ်နာဆာဟာ ဒီပွဲမတိုင်ခင်မှာ ပွဲ ၂၀ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပေမယ့် မဟာပြိုင်ဘက် အယ်လ်ဟီလယ်နဲ့အတွေ့မှာတော့ ဒူးထောက်ခဲ့ရတာပါ။
နှစ်သင်းလုံးဟာ ဥရောပရပ်ဝန်းက နာမည်ကျော်ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့အသင်းတွေဖြစ်ပြီး အယ်လ်ဟီလယ်ဘက်မှာတော့ ဘိုနူ၊ ကူလီဘာလေ၊ နီဗက်စ်၊ မီလင်ကိုဗစ်ဆာဗစ်၊ မယ်လ်ကွန်နဲ့ မီထရိုဗစ်တို့ ပါဝင်ခဲ့သလို အယ်လ်နာဆာဘက်ကမှာလည်း ရော်နယ်ဒို၊ မာနေး၊ ဘရိုဇိုဗစ်၊ လာပေါ်တေး နဲ့ တဲလက်စ်တို့ ပါဝင်ခဲ့တာပါ။
အယ်လ်ဟီလယ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ မီလင်ကိုဗစ် ဆာဗစ်၊ ၈၉ မိနစ်နဲ့ ၉၀+၂ မိနစ်တို့မှာ မီထရိုဗစ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် အယ်လ်ဟီလယ်အသင်းဟာ ဒုတိယနေရာက မဟာပြိုင်ဘက် အယ်လ်နာဆာကို ၇ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
See translation