Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အသက် ၈၆ နှစ် ရှိပေမယ့် ကလေးကစားစရာတွေရောင်းရင်း ဘဝရပ်တည်နေသူ အဘိုး ဦးစိန်မောင်

အသက် ၈၆ နှစ် ရှိနေပြီဖြစ်ပေမယ့် တစ်ကိုယ်စာဝမ်းရေးအတွက် ပူဖောင်းနဲ့ ကလေးကစားစရာတွေ ရောင်းချပြီး မွန်မြတ်စွာရပ်တည်နေသူ အဘိုး ဦးစိန်မောင် ———————- အဘိုး ဦးစိန်မောင်ရဲ့အသက်က ၈၆ နှစ် ရှိလို့နေပါပြီ။ အဘိုးဟာ ကျောတစ်ခင်းစာနေရာလေးနဲ့ တစ်ကိုယ်စာဝမ်းရေးအတွက် ပူဖောင်းနဲ့ ကလေးကစားစရာလေးတွေ ရောင်းချပြီး သန့်စင်မွန်မြတ်စွာ ရှင်သန်နေထိုင်သူပါ။ ဒီနေရာမှာ မွန်မြတ်ဆိုတဲ့ စကားလုံးကို ဘာကြောင့် သုံးနှုန်းရသလဲဆိုတော့ အဘိုး ဦးစိန်မောင်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကြောင့်ပါပဲ။ အဘိုးဟာ ပူဖောင်းနဲ့ ကလေးကစားစရာ အရုပ်တွေ ရောင်းချပေမယ့် ကန့်သတ်ချက်ထားတာတော့ ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေမှာ မရောင်းချဘူးဆိုတာပါပဲ။ ဆေးရုံဆေးခန်းတွေမှာ ငွေကြေးတတ်နိုင်လို့ လာရောက်ဆေးကုသသူ ရှိသလို ငွေကြေးအခက်အခဲတွေကြားကနေပြီး ကျန်းမာရေးအတွက် မတတ်သာတဲ့အဆုံးမှာ အကုန်အကျခံ လာရောက် ကုသရသူတွေရှိတယ်၊ အဲ့ဒီလိုလူနာတွေမှာ ကလေးငယ်တွေ ပါလာခဲ့ရင် ကလေးငယ်တွေက အခြေအနေကို သိနိုင်မှာ မဟုတ်ဘဲ အရုပ်ဝယ်ပေးဖို့ တောင်းဆိုတတ်တာရှိလို့ သူ့အနေနဲ့ အဲ့ဒီနေရာတွေကို ရှောင်တာဖြစ်တယ်လို့ အဘိုး ဦးစိန်မောင်က ရှင်းပြပါတယ်။ ကျောင်းတွေမှာဆိုရင်လည်း ကလေးငယ်အရွယ်တွေက ပူဖောင်းမြင်ရင်၊ ကလေးကစားစရာအရုပ်မြင်ရင် စိတ်ဝင်တစားရှိတတ်တာမို့ အာရုံပျံ့လွင့်စေတဲ့အတွက် သွားရောက်ရောင်းချခြင်း မပြုတာဖြစ်ကြောင်းလည်း အဘိုး ဦးစိန်မောင်က ပြောပြပါတယ်။ အသက် ၈၆ နှစ် ရှိနေပြီဖြစ်ပေမယ့် တစ်ကိုယ်စာဝမ်းရေးနဲ့ ကျောတစ်ခင်းစာနေရာအတွက် ကလေးကစားစရာအရုပ်နဲ့ ပူဖောင်းရောင်းချပြီး ရပ်တည်ရုန်းကန်နေရသူ အဘိုး ဦးစိန်မောင်ရဲ့ဘဝဖြတ်သန်းနေမှုကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ဦးစိန်မောင် #USeinMaung #ကလေးကစားစရာ #ပူဖောင်း #ဆေးရုံဆေးခန်း #စာသင်ကျောင်း #ဘဝရပ်တည်မှု #Yangon #Myanmar