သတင်းစာတစ်စောင် ၃ ကျပ်ခေတ်ကနေ အသက် ၈၂ နှစ်ရောက်တဲ့အထိ ဂျာနယ်နဲ့သတင်းစာလက်ပွေ့ရောင်းချရင်း ဘဝကိုဖြတ်သန်းရပ်တည်နေသူ အဘိုး ဦးထွန်းရွှေ
—————
အဘိုး ဦးထွန်းရွှေဟာ အသက် ၈၂ နှစ်အရွယ်ရှိလို့နေပါပြီ။ အဘိုးဟာ လှိုင်သာယာကနေ ဒလဆိပ်ကမ်းအထိ ဒီနေ့ဒီအချိန်ထိတိုင် လာရောက်ကာ သတင်းစာနဲ့ဂျာနယ် လက်ပွေ့ရောင်းချရင်း ဘဝကို ရပ်တည်ဖြတ်သန်းနေဆဲပါပဲ။ သတင်းစာတစ်စောင်ကို ၃ ကျပ်ဆိုတဲ့ခေတ်၊ ဂျာနယ်တစ်စောင်ကို ၁၈ ကျပ်ဆိုတဲ့ခေတ်ကတည်းက သတင်းစာနဲ့ ဂျာနယ်ကို လက်ပွေ့ရောင်းချခဲ့သူဖြစ်ပြီး အခုအချိန်ထိတိုင် သူလုပ်ကိုင်တဲ့အလုပ်ကို အဘိုးက ဖက်တွယ်ထားဆဲပဲဖြစ်ပါတယ်။ သတင်းစာဝယ်ယူသူတွေ၊ ဂျာနဘ်ဝယ်ယူတွေ အဆင်ပြေပြေဖြစ်နိုင်အောင် သူ့ဘက်က ဒီအသက် ဒီအရွယ်ကိုရောက်တဲ့အထိ အကောင်းဆုံး ကြိုးစားပေးနေဆဲဖြစ်ကြောင်းလည်း အဘိုး ဦးထွန်းရွှေက ပြောပြပါတယ်။ အသက် ၈၂ နှစ်အရွယ်ကို ရောက်တဲ့အထိ သတင်းစာနဲ့ ဂျာနယ်ကို လက်ပွေ့ရောင်းချကာ ဘဝအမောတွေကို အကောင်းဆုံး ခါးစည်းရင်ဆိုင်ရင်း ကျော်ဖြတ်နေသူ အဘိုး ဦးထွန်းရွှေရဲ့ဘဝဖြတ်သန်းမှုက စာနာစရာ၊ အတုယူစရာကောင်းလွန်းလှတာမို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #UTunShwe #ဦးထွန်းရွှေ #သတင်းစာ #ဂျာနယ် #လက်ပွေ့ရောင်း #Newspaper #Journal #လှိုင်သာယာ #ဒလဆိပ်ကမ်း #ဘဝရပ်တည် #Yangon #Myanmar