အသက် ၆၁ နှစ်အရွယ် ဝါရင့်သရုပ်ဆောင်ကြီး တွမ်ခရုစ်ကတော့ ရိုမန်တစ်ဆန်ပြနေဆဲပါ။ ဒါကြောင့်လည်း အချစ်နဲ့တွေ့တဲ့သူတိုင်းအတွက် အရွယ်တိုင်းဟာ ဆယ်ကျော်သက်လို့ တင်စားသုံးနှုန်းတာဖြစ်မှာပါ။
တွမ်ခရုစ် ဟာ နီကိုးလ်ကစ်ဒ်မန်း၊ ကေတီဟုမ်းစ်တို့နဲ့ အိမ်ထောင်နှစ်ဆက် ကျခဲ့ဖူးသူပါ။ အဲ့ဒီအိမ်ထောင်တွေနဲ့ ကွာရှင်းပြတ်စဲပြီးတဲ့နောက် နောက်ထပ်အချစ်ကို တွမ်ခရုစ်က ရှာဖွေတွေ့ရှိလို့နေပါပြီ။
လက်ရှိအချိန်မှာ စုံတွဲခုတ်နေတဲ့ တွမ်ခရုစ်ရဲ့အချစ်သစ်လေးက ရုရှားသူလေး ဖြစ်ပါတယ်။ အသက် ၃၆ နှစ်သာရှိသေးတဲ့ လူမှုရေးရာ Cele လေးတစ်ယောက်ပါ။ သူမရဲ့နာမည်ကတော့ အယ်လ်ဆီနာ ခေးရိုဗာ ဖြစ်ပါတယ်။
တွမ်ခရုစ် ဟာ သူ့ချစ်သူသစ်နဲ့ နှစ်ကိုယ်ကြည်နူး ချစ်ကြည်နူးတဲ့ ညစာစားဖို့အတွက် လန်ဒန်မြို့ကို စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ပြီးတဲ့နောက် အဲ့ဒီစားသောက်ဆိုင်ရဲ့ခန်းမတစ်ခုလုံးကို သူတို့နှစ်ယောက်တည်းအတွက် တွမ်ခရုစ်က ငှားပစ်လိုက်တာပါ။
အသက်ကြီးပေမယ့် မပျက်စီးသေးသလို အချစ်ပညာခန်းတွေလည်း ရိုမန့်တစ်ဆန်ဆန် ထုတ်ဖော်ပြသလိုက်တဲ့ တွမ်ခရုစ်ရဲ့ ဒီဇာတ်လမ်းကတော့ နိုင်ငံတကာသတင်းမီဒီယာစာမျက်နှာတွေထက် ရေပန်းစားတဲ့သတင်းတစ်ပုဒ် ဖြစ်နေပါတော့တယ်။