အသက် ၃၀ ကျော်ပြီဆိုရင် တချို့သောဘောလုံးသမားတွေအတွက် အကျဘက်ကို ရောက်တတ်လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဘောလုံးသမားတစ်ယောက် အသက် ၃၀ ကျော်လာပြီဆိုရင် ဒီကစားသမားအတွက် ကစားသမားဘဝဖြတ်သန်းမှု အဆုံးသတ်ချိန်ရောက်လာပြီလို့ ပြောစမှတ်ပြုကြတာပါ။
စီရော်နယ်ဒိုကတော့ အသက် ၃၀ ကျော်မှ ငယ်မူငယ်သွေးပြန်ကြွလာလေသလား မှတ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ အသက် ၃၀ ကျော်မှ ကောင်းသထက် ပိုကောင်းလာလို့ပါပဲ။
အခုလည်း အသက် ၃၀ ပြည့်ပြီးချိန်ကစလို့ အသက် ၃၀ ကျော်အရွယ်အတွင်း ဘယ်ကစားသမားတွေက ဟက်ထရစ်အများဆုံးသွင်းယူထားသလဲဆိုတဲ့ မှတ်တမ်းတစ်ခု ထွက်ပေါ်လာပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေသူက စီရော်နယ်ဒို ပါပဲ။
စီရော်နယ်ဒိုဟာ အသက် ၃၀ ပြည့်ပြီးချိန်ကနေ ဒီကနေ့ ဒီအချိန်ဆီရောက်တဲ့အထိ ဟက်ထရစ်စုစုပေါင်း ၃၃ ကြိမ်တောင် သွင်းယူခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အံ့ဩဘနန်း စွမ်းဆောင်ရည်ပါပဲ။
စီရော်နယ်ဒိုရဲ့နောက်မှာ စီရော်နယ်ဒိုရဲ့ခေတ်ပြိုင်စူပါ မက်ဆီက အသက် ၃၀ ပြည့်ပြီးချိန်ကနေ ဒီကနေ့ ဒီအချိန်ဆီရောက်တဲ့အထိ ဟက်ထရစ် ဒုတိယအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်လို့နေတာကို မြင်တွေ့ရပါတယ်။
ဒါပေမဲ့ အသက် ၃၀ ပြည့်ပြီးချိန်ကနေ ဒီကနေ့ ဒီအချိန်ဆီရောက်တဲ့အထိ မက်ဆီ သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်အရေအတွက်က ၆ ကြိမ်ပဲ ရှိခဲ့ပါတယ်။
အသက် ၃၀ ပြည့်ပြီးချိန်ကနေ ဒီကနေ့ ဒီအချိန်ဆီရောက်တဲ့အထိ ဟက်ထရစ်အများဆုံးသွင်းယူနိုင်သူများ
————————
စီရော်နယ်ဒို – ၃၃ ကြိမ်
မက်ဆီ – ၆ ကြိမ်
ဆွာရက်ဇ် – ၅ ကြိမ်
ဘင်ဇီးမား – ၅ ကြိမ်
လီဝန်ဒေါစကီး – ၃ ကြိမ်