အသက် ၁၃ နှစ်မှာ အိမ်ထောင်ကျပြီး ရင်သွေး ၁၃ ယောက် မွေးခဲ့ကာ သားငယ်ဖြစ်သူ ဆေးရုံတက်ဖို့ ပိုက်ဆံမရှိခဲ့ချိန်က သူ့ဆံပင်ရှည်ကို ဖြတ်ရောင်းပေးခဲ့သူ အိမ်ထောင်မယ် အလှရှင် ခရေ
————–
အိမ်ထောင်မယ်အလှရှင်ဖြစ်လာချိန်ကိုရောက်တော့ သူမရဲ့နာမည်ကို ခရေလို့ လူသိများသွားခဲ့ပါတယ်။ သူမရဲ့နာမည်ရင်းက မဥမ္မာသန်း ပါ။ ၁၃ နှစ်အရွယ်မှာ အိမ်ထောင်ကျပြီး ရင်သွေး ၁၃ ယောက်အထိ ထွန်းကားထားသူဖြစ်ပါတယ်။ ရိုးသားတဲ့ တောသူတောင်သားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ သားသမီးတွေက တွန်းအားပေးခဲ့လို့ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို ခရေ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သားငယ်ဖြစ်သူတစ်ယောက်က မွေးကင်းစအရွယ်မှာ အကောင်းပကတိအတိုင်းရှိခဲ့ပေမယ့် ကံဆိုးမှုတစ်ခုကြောင့် ဆေးရုံတက်လိုက်ရပြီး အဲ့ဒီအချိန်က သားငယ်ဖြစ်သူကို ဆေးကုသဖို့အတွက် ငွေကြေးမလုံလောက်ခဲ့လို့ သူမရဲ့ဆံပင်ရှည်ကြီးကို မခရေ ဖြတ်ရောင်းခဲ့ရဖူးပါတယ်။ ဒီနေ့မှာတော့ ရင်သွေး ၁၃ ယောက်က အရွယ်ရောက်လာခဲ့ပြီဖြစ်လို့ အိမ်ခြံမြေအကျိုးဆောင်အလုပ်ကို လုပ်ကိုင်ရင်း မခရေ က ဘဝကို ဖြတ်သန်းလို့နေပါပြီ။ အိမ်ထောင်ရှင် အလှမယ်တစ်ယောက်လည်းဖြစ်၊ ဘဝဖြတ်သန်းမှုကလည်း စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ မခရေရဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #MaKaYay မခရေ #အိမ်ထောင်ရှင် #အလှမယ် #ဘဝဖြတ်သန်းမှု #ဆံပင်ရှည် #သားငယ် #ကျန်းမာရေး #Health #ရင်သွေးများ #ပြိုင်ပွဲဝင် #အိမ်ခြံမြေ #Yangon #Myanmar