အမျိုးသမီးဝတ် ထဘီတွေကို လျှော်ဖွပ်ခဲ့ရတဲ့ဘဝကနေ အလှူရှင်တွေရဲ့ကျေးဇူးကြောင့် ကုန်စုံဆိုင်ပိုင်ရှင်ဘဝကို ရောက်သွားပြီဖြစ်တဲ့ ကိုကျော်ကျော်
———————
အခုတော့ ခြေထောက်တစ်ဖက် ချို့ယွင်းနေတဲ့ ကိုကျော်ကျော်ရဲ့ဘဝက အလှူရှင်တွေရဲ့ကျေးဇူးကြောင့် ရက်ပိုင်းအတွင်းမှာတင်ပဲ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ပါပြီ။ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေသူ ကိုထွန်းမင်းကလည်း ကိုကျော်ကျော်အတွက် သူတတ်နိုင်စွမ်းတဲ့ဘက်က အကောင်းဆုံးတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ကိုကျော်ကျော်ကို ခင်မင်တဲ့ ကိုဉာဏ်လင်းထက်ကလည်း ဂရုဏာသက်တဲ့စိတ်တစ်ခုနဲ့အတူ ကိုကျော်ကျော်ကို အကူအညီတွေ ပေးခဲ့ပါတယ်။ အခုတော့ တစ်ချိန်က မိသားစုလေး ရပ်တည်ဖို့အတွက် အမျိုးသမီးဝတ်ထမီတွေကိုတောင် အမျိုးသားတစ်ယောက်ဖြစ်လျက်နဲ့ လျှော်ဖွပ်ပြီး ဝင်ငွေရှာဖွေပေးခဲ့သူ ကိုကျော်ကျော်ဟာ အလှူရှင်တွေရဲ့ကျေးဇူးကြောင့် ကုန်စုံဆိုင်ပိုင်ရှင်ဘဝဆီကို ရောက်ရှိသွားခဲ့ပါပြီ။ ငှားရမ်းနေထိုင်တဲ့နေအိမ်လေးကို အိမ်စပေါ်တင်နိုင်တဲ့အထိလည်း အဆင်ပြေသွားခဲ့ပါပြီ။ အလှူရှင်တွေရဲ့ကမ်းဆင့်လက်တွေကြောင့် အမျိုးသမီးဝတ်ထမီတွေကို လျှော်ဖွပ်ခဲ့ရ၊ အိုးခွက်ပန်းကန်တွေဆေးကြောခဲ့ရတဲ့ဘဝကနေ ဆိုင်လေးတစ်ဆိုင် ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ ကိုကျော်ကျော်ရဲ့ ကြည်နူးဝမ်းသာဖွယ်ရာသတင်းကောင်းလေးကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KoKyawKyaw #ကိုကျော်ကျော် #စားဝတ်နေရေး #မိသားစုတာဝန် #အဝတ်လျှော်ဖွပ် #ကြုံရာကျပန်း #အလှူရှင် #အိုးခွက်ပန်းကန်ဆေး #ဆိုင်ပိုင်ရှင် #ဘဝရပ်တည် #Yangon #Myanmar