————————————————————————————————–
၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၇)ရက်
ရန်ကုန်၊မန္တလေး၊နေပြည်တော်နဲ့ အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အလှည့်ကျ လျှပ်စစ်မီးပေးမယ့် အချိန်၊မီးဖြတ်တောက်မယ့် အချိန်စာရင်းတွေကို လျှပ်စစ်ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာတော့အုပ်စု(၃)စုခွဲကာ ၄နာရီပေး၊၈နာရီပိတ်အလှည့်ကျစနစ်နဲ့ပေးသွားမှာဖြစ်ပါတယ်။
မန္တလေးတိုင်းမှာတော့ အုပ်စု(၄)စုခွဲကာ ၃နာရီပေး၊၉နာရီပိတ်အလှည့်ကျနဲ့ အုပ်စု(၄)အုပ်စုခွဲပြီး (၄)နာရီပေး (၁၂)နာရီပိတ်အလှည့်ကျအစီအစဉ်နဲ့ပေးမှာဖြစ်ပါတယ်။
နေပြည်တော်မှာတော့ အများပြည်သူကို (၁၆)နာရီပေး(၈)နာရီပိတ်၊ဝန်ထမ်းအိမ်ယာကို (၁၈)နာရီပေး (၄)နာရီပိတ်အစီအစဉ်နဲ့လည်းကောင်း၊ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့အုပ်စုတွေခွဲပြီး တစ်အုပ်စုကို (၆)နာရီအလှည့်ကျစနစ်ဖြင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန်မှာလျှပ်စစ်မီးပျက်တာကတော်တော်ဆိုးတယ်။လျှပ်စစ်မီးကိုအဓိကထားပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေအကုန်တိုင်ပတ်ကုန်တယ်။လျှပ်စစ်မီးကိုအားကိုးလို့မရတဲ့အခါအခြားနည်းလမ်းတွေကိုအသုံးပြုဖို့စဉ်းစားရတယ်။အဲအခါကုန်ကျစရိတ်ကပိုမြင့်လာတယ်။တွက်ခြေသိပ်မကိုက်တော့ဘူးပေါ့။ မီးမရလို့လုပ်ငန်းတွေရပ်ဆိုင်းလိုက်ရရင်ဒီလုပ်ငန်းတွေမှာမီခိုနေတဲ့ပြည်သူတွေ အားလုံးအကုန်အလုပ်လက်မဲ့ဖြစ်ကုန်မယ်။”လို့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုပါတယ်။
ရန်ကုန်မြို့မှာတစ်နေ့ရှစ်နာရီသာမီးပေးမယ်လို့သတင်းထုတ်ပြန်ထားပေမဲ့ မီးလာချိန်ဟာလည်းရှစ်နာရီအပြည့်အဝလာမယ်လို့ယုံကြည်လို့ရတဲ့အခြေအနေမဟုတ်ဘူးလို့ရပ်ကွက်နေသူတွေကမှတ်ချက်ပြုကြပါတယ်။
ရန်ကုန်မြို့နေသူတစ်ဦးက”မီးကပုံမှန်မလာတော့အတော်ဒုက္ခရောက်ရတယ်။မီးမလာတာနဲ့ရေပါတိုင်ပတ်တယ်။တိုက်ခန်းတွေကပိုဆိုးတာပေါ့။ရေလှောင်ကန်တွေကအများကြီးလှောင်ထားနိုင်တာမျိုးလည်းမဟုတ်နေဘူး။ရေမတင်နိုင်ရင်ဘာမှလုပ်လို့မရဘူး။မီးလာတာနဲ့ရေကိုအရင်ပြေးတင်ရတာပဲ။နောက်ပြီးချက်ပြုရတာအခက်အခဲအများကြီးဖြစ်တယ်။မီးမမှန်တဲ့အတွက်Gasမီးဖိုတွေထက်ဝယ်ရတယ်။ ဒါကလည်းလူတိုင်းအသုံးပြုနိုင်နေတာမျိုးမဟုတ်နေဘူးလေ။နောက်ပြီးဆိုလာမီးလုံးတွေထက်ဝယ်ရတယ်။ဖုန်းတွေ၊ဝိုင်ဖိုင်တွေသုံးဖို့PowerBankတွေဝယ်သုံးရတယ်။မလိုအပ်ဘဲ အကုန်ထပ်ဝယ်နေရတယ်လေ။မီးတာမှန်ရင်ဒါတွေကမလိုအပ်ဘူးလေ။အစစအရာရာကုန်ကျစရိတ်တွေကတက်တာရှိတယ်။ကျတယ်မရှိဘူး။အဲမှာလူတွေရဲ့ဝင်ငွေတွေကတိုးမလာဘူးလေး။မကုန်အပ်ဘဲကုန်ကျစရိတ်တွေပဲတိုးလာတော့ပြည်သူတွေကပိုပြီးကြပ်တည်းပြီးရင်ကြပ်တည်းတာပေါ့”ဟုပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်တွေအရတော့အခုကာလမှာတော့တစ်ရက်ကို ပျှမ်းမျှ(၂၂၀၀)မဂ္ဂါဝပ်သာထုတ်လုပ်နိုင်တဲ့အတွက်ထုတ်လုပ်နိုင်မှုရဲ့ (၅၀)ရာခိုင်နှုန်းသာဖြန့်ဖြူးထုတ်လုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။
Photo မူရင်းပိုင်ရှင် Credit ပေးပါသည်။