Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမြန်လမ်း ဇီးရိုးမိုင်အနီးမှာ သ…—တ်ဖြ..—တ်ခံထားရတဲ့ အမျိုးသမီးနဲ့ အမျိုးသားရုပ်အလောင်းတွေ တွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်းမကြီး၊ ဇီးရိုးမိုင်အနီး လမ်းဘေးနေရာမှာ သ..–တ်ဖြ..–တ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို မတ်လ ၂၃ ရက်၊ မနက် ၉ နာရီခွဲအချိန်လောက်မှာ တွေ့ရှိခဲ့ရတယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

တာဝန်ရှိသူတွေရဲ့စစ်ဆေးချက်အရ ‌ေ..–သဆုံးသူ အမျိုးသားရဲ့ လက်မောင်း ၂ ဖက်မှာ ပြတ်ရှဒဏ်ရာတစ်ချက်စီနဲ့ ရင်ဘတ်မှာလည်း ထိုးသွင်းဒဏ်ရာတစ်ချက် တွေ့ရှိရပြီး အမျိုးသားရဲ့အသက်ဟာ ၃၆ နှစ်အရွယ်လောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမျိုးသားနဲ့ မနီးမဝေးနေရာမှာ ‌ေ…–သဆုံးနေတဲ့ အသက် ၂၇ နှစ်ခန့်အရွယ်လောက် အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းကို ထပ်တွေ့ခဲ့ရပြီး အမျိုးသမီးရဲ့ရုပ်အလောင်းမှာတော့ နောက်ကျောမှာ ထိုးသွင်းဒဏ်ရာတစ်ချက် တွေ့ရတယ်လို့ ဆိုပါတယ်။

‌ေ..–သဆုံးသူ ၂ ယောက်ရဲ့ရုပ်အလောင်းတွေကို ကရုဏာရှင်နာရေးကူညီမှုအသင်းက လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီကို ပို့ဆောင်ပေးလိုက်ပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ‌ေ..–သဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ ဘယ်လို‌ေ..–သဆုံးခဲ့ရတယ်ဆိုတာကို သိရှိနိုင်ဖိုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။