ရန်ကုန်- နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက် ၀၀ နာရီ ၀၆ မိနစ်အချိန်လောက်က ယာဉ် ၅ စီးဆင့်တိုက်ခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ လူ ၂ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ လတ်တလောမှာ သတင်းကြားသိရပါတယ်။
အခုယာဉ်တိုက်မှုဖြစ်စဉ်မှာ သစ်ဆန်း ခရီးသည်ယာဉ်၊ ခိုင်မန္တလေး ခရီးသည်တင်ယာဉ်၊ Toyota RAV 4(အဖြူရောင်)ယာဉ်၊ Super Custom (အဖြူရောင်) ယာဉ်နဲ့ Toyota Caldina (လိမ္မော်ရောင်) ယာဉ်တို့ ၅ စီးဆင့်ပြီး တိုက်ကြတာဖြစ်တယ်လို့ သိရှိရပါတယ်။
သစ်ဆန်း ခရီးသည်ယာဉ်နဲ့ ခိုင်မန္တလေး ခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ Toyota RAV 4 ယာဉ်ပေါ်က လူ ၆ ဦးအနက် အမျိုးသား ၁ တစ်ယောက် ေ..–သဆုံးကာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး (၁) ယောက်တို့က ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး ၂ ယောက်က ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) အခြေအနေတွေ ဖြစ်ပေါ်သွားခဲ့ပါတယ်။
Super Custom(အဖြူရောင်)ယာဉ်ပေါ်က လူ ၃ ယောက်အနက် အမျိုးသား ၁ ယောက် ေ—..သဆုံးပြီး အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အခြေအနေဖြစ်သွားခဲ့ကာ Toyota Caldina (လိမ္မော်ရောင်) ယာဉ်ပေါ်က အမျိုးသား (၁)ဦးလည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အခြေအနေလို့ သိရှိရပါတယ်။