ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၇/ဝ) မှာ ဒီဇင်ဘာလ ၂၄ ရက်၊ နေ့လယ် ၁ နာရီအချိန်လောက်က ယာဥ်မောင်းအိပ်ငိုက်လို့ ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်သွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်မှာ ရဟန်း ၂ ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရှိရပါတယ်။
ယာဉ်မောင်းအိပ်ငိုက်လို့ တိမ်းမှောက်သွားခဲ့တဲ့ကားဟာ Toyota Hilux Surf အမျိုးအစား နီညိုရောင် ဖြစ်ပါတယ်။
အဲဒီကားပေါ်မှာ ယာဉ်မောင်းနဲ့အတူ ရဟန်း ၂ ပါး၊ ကိုရင် ၈ ပါး၊ ကျောင်းသား ၃ ဦး စုစုပေါင်း ၁၄ ဦး လိုက်ပါလာခဲ့ပြီး ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာစဥ်အခိုက်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ သိရှိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်စီးနင်းလိုက်ပါလာသူ ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါး၊ ကျောင်းသား ၂ ဦး၊ စုစုပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပြီး ဒဏ်ရာရရှိသူတွေကို EMS 192 လူနာတင်ယာဉ်နဲ့ သယ်ဆောင်ကာ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ တင်ပို့ပေးထားပြီလို့ သိရှိရပါတယ်။