Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမြန်လမ်းတွင်ခရီးသည်ယာဉ်တိမ်းမှောက် ၊ထိခိုက်ဒဏ်ရာပြင်းသည့်ခရီးသည်(၅)ဦးကိုဆေးရုံ‌ပို့ဆောင်ရ


၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၁)ရက်

အမြန်လမ်းမှာ ခရီးသည်ယာဉ်တိမ်းမှောက်ခဲ့ပြီးထိခိုက်ဒဏ်ရာပြင်းထန်သည့်ခရီးသည်(၅)ဦးကိုနေပြည် တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ပို့ဆောင်ပေးထားရတယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ သိရပါတယ်။

အောက်တိုဘာလ(၁၁)ရက်၊မနက်(၄)နာရီကျော်မှာရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅) နဲ့(၂၃၄/၆)ကြားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကို ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ ကျား(၁၁)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၅)ဦးအနက် ယာဉ်ပေါ်ပါ ကျား(၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကိုဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းပိုင် လုနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်