Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဒီနေ့မနက်မှာ ပစ်ခတ်ခံရပြီး ေ-သဆုံး

————————-

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း(၃)၊ ၃ လမ်းထဲမှာရှိတဲ့ မကြီး မိတ္တူဆိုင်မှာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက် မနက် ၈ နာရီ ၁၅ မိနစ်အချိန်က အမျိုးသားတစ်ယောက် ေ-သနတ်နဲ့ ပတ်သ-တ်ခံခဲ့ရတယ်လို့ သိရပါတယ်။

‌ေ-သဆုံးသူအမျိုးသားဟာ အသက် ၅၄ နှစ်အရွယ် ဦးသန်းထွန်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မနက်အစောပိုင်း ၈ နာရီမှာ အင်္ကျီအနက်ရောင်ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က မိတ္တူဆွဲမယ်လို့ ဟန်ဆောင်ပြီး မကြီး မိတ္တူဆိုင်ထဲကို ဝင်လာခဲ့တာပါ။

ဆိုင်ထဲအရောက်မှာတော့ ဦးသန်းထွန်းကို ေ-သနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဦးသန်းထွန်းဟာ ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ လက်ဖျံကျည်ထိမှန် ဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်း ကျည်ထိမှန်ဒဏ်ရာတစ်ချက်တို့ရရှိခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ကုသပေးချိန်မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

See translation

May be an image of text that says "အမျိုးသားဒီမိုကရေစီပါတီသစ် NEW NATIONAL DEMOCRACY PARTY"