အမျိုးသားက ရောင်းမှားဝယ်မှားဖြစ်ပြီး ထောင်ကျသွားတဲ့အတွက် ကလေး ၄ ယောက်နဲ့ မိသားစုဘဝရပ်တည်ရေးကို ခက်ခက်ခဲခဲ တာဝန်ယူဖြေရှင်းနေရသူ ဇနီးသည် မခင်သီတာပြုံး
————————
မခင်သီတာပြုံးဟာ ရင်သွေး ၄ ယောက်ရဲ့မိခင် ဖြစ်ပါတယ်။ သူမရဲ့အမျိုးသားက ရောင်းမှားဝယ်မှားဖြစ်ပြီး ထောင်ကျသွားတာကြောင့် ကလေး ၄ ယောက် အပါအဝင် မိသားစုဘဝ ရပ်တည်နိုင်ရေးအတွက် မခင်သီတာပြုံးက မရှက်မကြောက်နိုင်တော့ဘဲ ရှေ့က မားမားမတ်မတ် ရပ်တည်ကြိုးစားပေးနေသူပါ။ သူမရဲ့ခင်ပွန်းဟာ သူငယ်ချင်းဖြစ်တဲ့သူကို ကူညီပြီး ပစ္စည်းလက်ခံဝယ်မိလို့ သူခိုးပစ္စည်းအဖြစ်နဲ့ အမှုရင်ဆိုင်လိုက်ရကာ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်တယ်လို့ မခင်သီတာပြုံးက ပြောပြပါတယ်။ အမျိုးသားဖြစ်သူဟာ မိသားစုအပေါ် အရမ်းကောင်းတဲ့သူဖြစ်ပြီး အခုအချိန်မှာ ခင်ပွန်းရဲ့တန်ဖိုးကို ပိုနားလည်လာမိတယ်လို့လည်း မခင်သီတာပြုံးက အသိပေးပါတယ်။ သူမအနေနဲ့ ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့ဖို့၊ ကလေးတွေကို ကျွေးမွေးဖို့အတွက် ဗလီတွေရှေ့ကို သွားရောက်ပြီး တောင်းရမ်းတာမျိုးတွေတောင် လုပ်ခဲ့တယ်လို့ မခင်သီတာပြုံးက ပြောပြပါတယ်။ အမျိုးသားက ရောင်းမှားဝယ်မှားဖြစ်ပြီး ထောင်ကျသွားတဲ့အတွက် ကလေး ၄ ယောက်နဲ့ မိသားစုဘဝရပ်တည်ရေးကို ခက်ခက်ခဲခဲ တာဝန်ယူဖြေရှင်းနေရသူ မခင်သီတာပြုံးရဲ့လက်ရှိဘဝဖြတ်သန်းနေမှုကို ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KhinThidarPyone #ခင်သီတာပြုံး #Wife #Husband #ဘဝ #Children #ရင်သွေး #မိသားစု #Family #ကျွေးမွေးပြုစု #ဘဝရပ်တည်ရေး #Yangon #Myanmar