Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီး(၅)ဦးဓာတ်လှေကားထဲပိတ်မိ၍ ကယ်ထုတ်ခဲ့ရ

————————

၂၀၂၄ခုနှစ်ဩဂုတ်၁၉ရက်

အင်းစိန်မြို့နယ်ထဲမှာ ဓာတ်လှေကားအတွင်းအမျိုးသမီး(၅)ဦးပိတ်မိနေတဲ့အတွက် မီးသတ်မှ ကယ်ထုတ်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ဩဂုတ်(၁၉)ရက်နေ့၊ ၀၉ :၄၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ အဆောက်အဦမှာ ဓာတ်လှေကားပိတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပိတ်မိခဲ့တဲ့အတွက် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ၀၉: ၅၀ အချိန်မှာ ဓာတ်လှေကားအတွင်းပိတ်မိနေသူ အမျိုးသမီး(၅)ဦးအား ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။