Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီးအာကာသယာဉ်မှူးပါဝင်သည့်တရုတ်ရှန်ကျို့-၁၉ အာကာသယာဉ် အောင်မြင်စွာလွှတ်တင်

———————————-

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၃၁)ရက်

အမျိုးသမီးအာကာသယာဉ်မှူးပါဝင်တဲ့တရုတ်နိုင်ငံရဲ့ ရှန်ကျို့-၁၉ အာကာသယာဉ်ကို

အောက်တိုဘာ ၃၀ ရက်ကအောင်မြင်စွာလွှတ်တင်

နိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနမှသိရပါတယ်။

ရှန်ကျို့- ၁၉ အာကာသယာဉ်မှာ အာကာသယာဉ်မှူးများအဖြစ် ကိုင်ဇူဇေး၊ ဆောင်လင်တုန်းနှင့် ဝမ်ဟိုဇီတို့ လိုက်ပါတာဝန်ထမ်းဆောင်ပြီး အာကာသစခန်းမှာခြောက်လကြာ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

အဲဒီ့အာကာသယာဉ်မှူးများအနက် ဝမ်ဟိုဇီမှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အာကာသဆိုင်ရာ အင်ဂျင်နီယာအဖြစ် လိုက်ပါတာဝန်ထမ်းဆောင်မယ့်အမျိုးသမီးအာကာသယာဉ်မှူးဖြစ်လာခဲ့ပါတယ်။

အာကာသထဲမှာ ရှန်ကျို့- ၁၈ အာကာသယာဉ်နဲ့ တွေ့ဆုံချိတ်ဆက်နိုင်ခဲ့ပြီး အာကာသထဲမှာ လုပ်ငန်းတာဝန်တွေကို ငါးရက်ကြာ အတူတကွတာဝန်ထမ်းဆောင်မည်ဖြစ်ကာ ရှန်ကျို့- ၁၈ မှ အာကာသ ယာဉ်မှူးတွေဟာ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဒေါင်ဖန်းမြေပြင် အာကာသစခန်းသို့ နိုဝင်ဘာ ၄ ရက်မှာ ပြန်လည်ဆင်းသက်မှာဖြစ်တယ်လို့သိရပါတယ်။