Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီးဝတ်ထဘီတွေလျှော်ဖွတ်ရင်း ဝင်ငွေရှာကာ မိသားစုရပ်တည်နိုင်အောင် ကြိုးစားပေးနေသူ ကိုကျော်ကျော်

ဆေးထိုးမှားလို့ ခြေထောက်တစ်ဖက် ချို့ယွင်းသွားခဲ့ရပေမယ့် အမျိုးသမီးဝတ်ထဘီတွေလျှော်ဖွတ်ရင်း မိသားစုတာဝန်ထမ်းဆောင်နေသူ ကိုကျော်ကျော်
————————
ကိုကျော်ကျော် ဟာ ခြေထောက်တစ်ဖက် ချို့ယွင်းသွားခဲ့ရပေမယ့် သူတတ်နိုင်စွမ်းသမျှကို လုပ်ကိုင်ရင်း ဇနီးသည်ကို ရှာဖွေကျွေးမွေးကာ မိသားစုတာဝန်ကို ထမ်းဆောင်နေသုဖြစ်ပါတယ်။ ၁၀ နှစ်သားအရွယ်က ဆေးထိုးမှားသွားခဲ့လို့ ကိုကျော်ကျော်ဟာ ခြေထောက်တစ်ဖက် ချို့ယွင်းတဲ့ဘဝကို ရင်ဆိုင်ကြုံတွေ့လိုက်ရတာပါ။ မိသားစုရပ်တည်နိုင်ရေးအတွက် အမျိုးသမီးဝတ် ထဘီတွေကိုတောင် ကိုကျော်ကျော်က လျှော်ဖွတ်ပေးပြီး ဝင်ငွေရှာခဲ့တယ်ဆိုရင် အားလုံး အံ့အားသင့်သွားပါလိမ့်မယ်။ သု့အနေနဲ့ အစောပိုင်းတုန်းက အမျိုးသမီးဝတ် ထဘီတွေကို မလျှော်ဖွတ်ချင်ခဲ့ပေမယ့် အားလုံးကိုလျှော်ပေးနိုင်သူမှပဲ အလုပ်အပ်ချင်တယ်လို့ အဝတ်လျှော်ဖို့ အလုပ်အပ်သူတွေက ပြောလာပြီးတဲ့နောက်မှာတော့ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရဖို့ လိုအပ်တာကြောင့် အမျိုးသမီးဝတ် ထဘီတွေကိုပါ လျှော်ဖြစ်သွားခဲ့တယ်လို့ ကိုကျော်ကျော်က ပြောပြပါတယ်။ ကိုကျော်ကျော်ကို လက်ရှိမှာ အလုပ်လည်းပေး၊ တတ်နိုင်စွမ်းသမျှ ကြည့်ရှုစောင်မနေသူက မိဘမေတ္တာ ထမင်းဆိုင်ပိုင်ရှင် ဒေါ်အေးသူ ဖြစ်ပါတယ်။ ဒေါ်အေးသူဟာ ကိုကျော်ကျော်ကို သနားစိတ်နဲ့ စောင့်ရှောက်ပေးရင်း ထဘီတွေကို မလျှော်ခိုင်းရက်တော့လို့ သူ့ရဲ့ထမင်းဆိုင်မှာ အိုးတိုက်၊ ပန်းကန်ဆေး၊ ကြုံရာကျပန်း အလုပ်တွေကိုအတွက် တာဝန်ပေးရင်း အဝတ်လျှော်တဲ့ဘက်မှာလည်း ထဘီတွေကို မလျှော်စေတော့ဘူးလို့ သိရပါတယ်။ ကိုကျော်ကျော်ကို ဒေါ်အေးသူက နေ့စားခ ပေးထားသလို ထမင်းဟင်းလည်း ကျွေးမွေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကိုကျော်ကျော်ကို ကူညီချင်ရင် ကိုဉာဏ်လင်းထက်(ALK Export ဆိုင်ပိုင်ရှင်)ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 09955834234 ကို တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ကြုံရာကျပန်းတွေ လုပ်ကိုင်ရင်း အမျိုးသမီးထဘီတွေ လျှော်ဖွတ်ကာ ဘဝကို ဖြတ်သန်းရင်း မိသားစုဘဝရပ်တည်နိုင်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ရသူ ဆေးထိုးမှားလို့ ခြေထောက်တစ်ဖက် ချို့ယွင်းခဲ့ရတဲ့ ကိုကျော်ကျော်ရဲ့ဘဝက စိတ်ဝင်စားစရာကောင်းလွန်းလို့ Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #KoKyawKyaw #ကိုကျော်ကျော် #စားဝတ်နေရေး #မိသားစုတာဝန် #အဝတ်လျှော်ဖွတ် #ကြုံရာကျပန်း #နေ့စားခ #အိုးခွက်ပန်းကန်ဆေး #ဝင်ငွေ #ဘဝရပ်တည် #Yangon #Myanmar