မန်ယူအသင်းဟာ ဂိုးသမား အိုနာနာနဲ့ ကွင်းလယ်လူ အမ်ရာဘတ်တို့ကို သူတို့ရဲ့သက်ဆိုင်ရာ မိခင်နိုင်ငံ လက်ရွေးစင်အသင်းတွေဆီ စေလွှတ်ပေးရတော့မှာဖြစ်ပါတယ်။
အိုနာနာနဲ့ အမ်ရာဘတ်တို့ရဲ့မိခင်နိုင်ငံတွေဟာ အာဖရိကနိုင်ငံများ ဖလားပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး အိုနာနာက ကင်မရွန်းလက်ရွေးစင်အသင်းဆီ၊ အမ်ရာဘတ်က မော်ရိုကိုလက်ရွေးစင်အသင်းဆီ သွားရောက်ပူးပေါင်းပေးရဖို့ ရှိနေပါတယ်။
အိုနာနာ ဟာ လက်ရှိဘောလုံးရာသီအတွင်း သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ပြင်းထန်လှတဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နေရပြီး ဖီအိုရင်တီးနားဆီကနေ အငှားခေါ်ယူထားတဲ့ အမ်ရာဘတ်ကိုလည်း မန်ယူက အပြီးသတ်ဝယ်ယူဖို့ မသေချာတော့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ အိုင်ဗရီကို့စ်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသွားဖို့ ရှိနေပါတယ်။