————————————————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၁၁)ရက်
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ပြင်းထန်တဲ့ Category 3 ဟာရီကိန်းမုန်တိုင်း
မီလ်တန်တိုက်ခတ်ပြီးနောက် ပျောက်ဆုံးသွားတဲ့ ဖလော်ရီဒါဒေသခံတွေကို ရှာဖွေကယ်ဆယ်ဖို့လုပ်ဆောင်နေတယ်လို့ CNNသတင်းဌာနရဲ့ ဖော်ပြချက် အရသိရပါတယ်။
အချို့နေရာတွေမှာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့အင်တာနက်လိုင်း ပြတ်တောက်မှုတို့ကြောင့်အချို့သောသူငယ်ချင်းတွေ(သို့မဟုတ်)မိသားစုဝင်တွေနဲ့ ဆက်သွယ်လို့မရတော့ဘူးလို့ဆိုပါတယ်။
ချစ်ရသူတွေနဲ့ အဆက်အသွယ်မရတဲ့မိသားစုတွေဟာ ကြက်ခြေနီအသင်းရဲ့ ဝက်ဆိုက်မှာ အကူအညီတောင်းခံနိုင်ပြီး ကြက်ခြေနီအဖွဲ့ဟာ ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ တန်နက်ဆီနှင့် ဂျော်ဂျီယာတို့မှာ ဟာရီကိန်းကြောင့် ပျောက်ဆုံးသွားသော နေထိုင်သူများကို ရှာဖွေရန် လုပ်ဆောင်နေ ဆဲဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်မှာ ခိုလှုံနေကြတဲ့ လူပေါင်း ၈၃,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက် ကြာသပတေးနေ့မှာ ကြက်ခြေနီအသင်းက ပြောခဲ့ပါတယ်။
“အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ အရေးပေါ် တုံ့ပြန်ရေးယာဉ် ဒါဇင်ပေါင်းများစွာ ဟာ ထိခိုက်နေတဲ့ ရပ်ကွက်တွေကို ဖြတ်ပြီး အစားအသောက်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးမှာပါ” ဟု အကျိုးအမြတ်မယူသောအဖွဲ့မှ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-AFP