Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းမှာ အပြောင်းအလဲများစွာ ပါ၀င်နေ

၂၀၂၅၊ဇန်နဝါရီလ၊၂၁ရက်

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့် က ကျမ်းသစ္စာဆိုပြီးနောက် မိန့်ခွန်းမှာ တောင်ပိုင်းနယ်စပ်ဒေသကို နိုင်ငံအရေးပေါ်အခြေအနေနဲ့ပိတ်ရန်၊Transgender Agenda ကိုရုပ်သိမ်းလိုက်တာအပြင် အခြားအပြောင်းအလဲများစွာကိုပြုလုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

သမ္မတသစ်ထရန့်က အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသကို နိုင်ငံတော်အရေးပေါ်အခြေအနေနဲ့ပိတ်သိမ်းသွားမယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် Transgender Agendaကိုလည်းရုပ်သိမ်းလိုက်ပြီး တရား၀င်အစိုးရ‌အနေနဲ့ ကျား၊မ နှစ်မျိုးကိုသာ အသိအမှတ်ပြုသွားမှာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။

ထရန့်ကသူ့လက်ထက်မှာ အတိုက်အခံတွေကိုဖိနှိပ်ထားတဲ့စနစ်နဲ့ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်ထားတဲ့ပုံစံ‌ တွေအားလုံးကိုအဆုံးသတ်မှာဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကိုဖော်ဆောင်သွားမယ်လို့လည်း မိန့်ခွန်းမှာပြောသွားပါတယ်။

COVID-19 ကာကွယ်ဆေးကို ကန့်ကွက်ခဲ့တာကြောင့် ပိတ်သိမ်းခံခဲ့ရတဲ့ ၀န်ဆောင်မှုအဖွဲ့တိုင်းကို ပြည်အမ်းငွေအပြည့်နဲ့ ပြန်လည်ထည့်သွင်းသွားမှာဖြစ်သလို လက်နက်ကိုင်ဆောင်နေတဲ့ဂိုဏ်းတစ်ချို့ကို အကြမ်းဖက်အဖြစ်ကြေညာသွားမယ်လို့ထရန့်ကပြောပါတယ်။

အမေရိကန်သမ္မတသစ်ထရန့်ဟာ သမ္မတဟောင်းဘိုင်ဒန်အစိုးရကိုလည်း မိန့်ခွန်းပြောနေစဉ်မှာဘဲ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။

#mercury#mercurynews#DonaldTrump#TrumpSpeech#အမေရိကန်#နိုင်ငံတကာသတင်း

May be an image of 1 person, the Oval Office and text