Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမေရိကန်သမ္မတသစ်ထရန့်နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ် တို့ကျမ်းသစ္စာကျိန်ဆို

၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်

ဒေါ်နယ်ထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက် သမ္မတ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ဂျေဒီဗန့်စ်ဟာ အသက် ၄၀ ပဲ ရှိသေးတဲ့ အတွက် အသက်အငယ်ဆုံး ဒုတိယသမ္မတတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရဲ့၄၅ နဲ့ ၄၇ ယောက်မြောက် သမ္မတဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆက်တိုက်မဟုတ်ဘဲ သက်တမ်းနှစ်ကြိမ်ရွေးချယ်ခံရတဲ့ဒုတိယမြောက် သမ္မတဖြစ်ပါတယ်။

#mercury#mercurynews#DonaldTrump#အမေရိကန်#ဂျေဒီဗန့်စ်