အမေရိကန်အနေနဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းအားလုံးကို ယနေ့ ဧပြီလ၉ရက်နေ့က စပြီး အခွန် ၁၀၄ ရာခိုင်နှုန်းထက်မနည်း တိုးပြီးကောက်ခံသွားမယ်လို့ အမေရိကန်အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ကာရိုလင်းလီဗစ်တ်ကပြောလိုက်ပါတယ်။
အမေရိကန်ဟာ တရုတ်နိုင်ငံက တရားမတင်ရွေ့ပြောင်းနေထိုင်သူတွေကို ကူညီနေတယ်လို့ ယုံကြည်ထားပြီး အမေရိကန်ပြည်တွင်းကို ဖန်တန်နိုင်းလ်မူးယစ်ဆေးတွေဝင်ရောက်နေတဲ့အပေါ်လည်း တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သတ်မှု ရှိနေလို့ စွပ်စွဲထားတာပါ။
သမ္မတဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းများကို ထပ်တိုးအခွန် ၃၄ ရာခိုင်နှုန်းတစ်ကြိမ်၊ထပ်တိုးအခွန် ၅၀ ရာခိုင်နှုန်းတစ်ကြိမ်၊မှုလအခွန် ၂၀ရာခိုင်နှုန်း(စုစုပေါင်း၁၀၄ ရာခိုင်နှုန်း)တို့နဲ့ ဧပြီလ ၉ရက်နေ့(ယနေ့) စတင်ကောက်ခံသွားဖို့ ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်