၂၀၂၅၊ဇန်နဝါရီလ၊၂၀ရက်
အဆိုတော် ကောင်းမြင့်စံ (ခေါ် )စုဗူးဟာ အင်းလျားကန်ဘောင်အတွင်း ခုန်ချကာ မိမိကိုယ်ကိုသတ်သေသွားခဲ့တယ်လို့ သိရပါတယ်။
ကောင်းမြင့်စံ ခေါ် စုဗူးဟာ ဇန်နဝါရီ ၁၇ရက်နေ့က နေအိမ်ထွက်ခွာသွားပြီးနောက်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ရက်နေ့မှာမှ မှ အင်းလျားကန်ဘောင်ထဲကနေ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ အဆိုတော်ကောင်းမြင့်စံခေါ်စုဗူးရဲ့အလောင်းကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားပြီး နာရေးစျာပနကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့ ဒီနေ့ ထိမ်ပင်သုဿန်မှာ သဂြိုလ်သွားမှာဖြစ်ပါတယ်။
အဆိုတော်ကောင်းမြင့်စံဟာ သေဆုံးချိန်မှာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး စိုင်းဆိုင်မော့ဝ်ရဲ့ ” ရှမ်းပဲပုတ်လေးကျွန်တော် ” ချယ်ရီပွင့်တဲ့တောင်တန်း ” ရိုးရာမပျက်တဲ့မြေ ” သီချင်းတွေအပါအဝင် မြန်မာသံသီချင်းတွေကို သီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။