————————
Breaking News
တဲလ်အဗစ်၊ နိုဝင်ဘာ ၃၀
အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေဟာ နောက်ထပ် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲထားမယ်လို့ သဘောတူညီလိုက်ပါပြီ။ အခုဆိုရင် အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေအကြား ဆွေးနွေးတွေနဲ့ သဘောတူညီချက်သက်တမ်းတိုးတာဟာ ၇ ရက် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာ ယာယီသဘောတူညီမှု သဘောမျိုးသာဖြစ်နေတာကြောင့် နောက်ထပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ရဦးမယ့် သဘောပါပဲ။
ကာတာနိုင်ငံဟာ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေအကြား ဆွေးနွေးညှိနှိုင်းတာကို တတ်နိုင်စွမ်းသမျှ ကြားဝင်ဆောင်ရွက်ပေးနေပြီး အခုသဘောတူညီချက်က ၂၄ နာရီသာ ကြာမြင့်မှာဖြစ်တဲ့အတွက် နောက်ထပ်ဆွေးနွေးမှုအဖြေတွေကို ဆက်လက် စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။
ဒီသဘောတူညီချက် ထွက်ပေါ်လာအပြီးမှာ ဟားမတ်စ် စစ်သွေးကြွတွေဘက်က သူတို့ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ ၁၀ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး အပြန်အလှန်အနေနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား အယောက် ၃၀ ကို ပြန်လွှတ်ပေးရမယ်လို့ သတင်းကြားသိရပါတယ်။
Photo Credit – CNA Channel