Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အစ္စရေးက ဂါဇာကို ဗုံးကျဲမှုများ ပြန်လည် စတင်၊ လူ ၁၀၀ အသက်ဆုံးရှုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရ၊ ဘေးလွတ်ရာမြေဆိုတာ မရှိတော့ဘူးလို့ ပါလက်စတိုင်းတွေ ပြော

————————

တဲလ်အဗစ်၊ ဒီဇင်ဘာ ၁

၂၄ နာရီကြာ သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တွေ ပြီးဆုံးသွားတဲ့အချိန်ကစပြီး အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကျဲတိုက်ခိုက်မှုတွေ ပြန်လည် စတင်လိုက်ပြီလို့ သိရှိရပါတယ်။

ကာတာနိုင်ငံမှာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေအရ တစ်ရက်တာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ အချိန်ကုန်သွားပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဒေသဆီမှာရှိနေတဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးက အခုလို ပြန်လည်ထိုးစစ်ဆင်လိုက်တာပါ။

လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အစ္စရေးဘက်ကနေ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း လူ ၁၀၀ လောက် အသက်ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပြီး ရာပေါင်းများစွာသော ပါလက်စတိုင်းတွေဟာ ဒဏ်ရာရသွားပြီလို့ သိရှိရပါတယ်။

အစ္စရေးရဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အရပ်သားပြည်သူများစွာ ထိခိုက်နေရပြီလို့လည်း အယ်လ်ဂျားဇီးရားသတင်းဌာနက ရေးသားထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိနေတဲ့ ပါလက်စတိုင်းတွေက အစ္စရေးတို့ရဲ့တစ်ကျော့ပြန်လည် ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် သူတို့အတွက် ဘေးလွတ်ရာနေရာဆိုတာ မရှိတော့သလို ထွက်ပြေးဖို့မြေဆိုတာဟာလည်း လုံးဝမရှိတော့ပါဘူးလို့ ထုတ်ဖော်ပြောကြားနေကြပြီဖြစ်ပါတယ်။

May be an image of 4 people and text that says "'Where to go?' Palestinians say nowhere safe as Israel resumes Gaza bombing Israel restarts militarı offensive in Gaza after weeklong truce expires. HOUNT"