ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကြို့ကုန်းမီးပွိုင့် Mica power ဆီဆိုင်နားမှာ Taxi တစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ဓာတ်တိုင်နဲ့ သစ်ပင်ကို တိုက်မိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက် မနက် ၄ နာရီမှာ အရှိန်လွန်မောင်းနှင်လာတဲ့ Taxi က လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီယာဉ်ထဲမှာ အမျိုးသားတစ်ဦး ညှပ်နေခဲ့တဲ့အတွက် ပြည်သူတွေက တွဲလက်လူမှုကူညီရေးအဖွဲ့ဆီ ဖုန်းဆက်ကာ အကူအညီတောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Taxi ယာဉ်မောင်းအမျိုးသားဟာ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ဦးအောင်ဖြူဝင်းဆိုသူဖြစ်ပြီး လမ်းဘေးမှာရှိနေတဲ့ ဓာတ်တိုင်နဲ့ သစ်ပင်ကို အရှိန်မထိန်းနိုင်တော့ဘဲ ဝင်တိုက်မိသွားတာဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် ဦးအောင်ဖြူဝင်းရဲ့လည်ပင်းကအရိုး ကျိုးသွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရသလို Taxi ဟာလည်း အတော့်ကို ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။