၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊ ဘုရင်နောင်လမ်း၊ရွာမပရိယတ္တိစာသင်တိုက်အနီးမှာဒီနေ့နံနက်ပိုင်းကယာဉ်တိုက်မှုဖြစ်ပွားခဲ့ တယ်လို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့်ယာဥ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အင်းစိန်မြို့နယ်မီးသတ်စခန်းကမီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီးယာဉ်မောင်းကျား(၁)ဦး(မစိုးရိမ်ရ)အားကြက်ခြေနီအသင်းမှက သူနာတင်ယာဉ်နဲ့ အင်းစိန်မြို့နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။