ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်က ရေမြောင်းအစပ်မှ သေဆုံးပုပ်ပွနေသည့် အမျိုးသားတစ်ယောက်ရဲ့ရုပ်အလောင်းကို မတ်လ ၂၅ ရက်၊ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်လောက်က တွေ့ရှိခဲ့ရတယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့ဆီက သိရှိရပါတယ်။
အင်းစိန်မြို့နယ်၊ ကြို့ကုန်း (အရှေ့) ရပ်ကွက်၊ မဟာသုခိတာလမ်းက ရေမြောင်းအစပ်မှာ အမျိုးသားတစ်ယောက် ေ..–သဆုံးပုပ်ပွနေတာကို တွေ့ခဲ့တဲ့ တာဝန်သိပြည်သူတစ်ယောက်ရဲ့ဆက်သွယ်အကူညီတောင်းခံမှုအရ တွဲလက်လူမှုကူညီရေးအဖွဲ့က သွားရောက်ကူညီ ဆယ်ယူပေးခဲ့တာလို့ ဆိုပါတယ်။
ေ..–သဆုံးသူအမျိုးသားဟာ အသက် (၄၅) နှစ်အရွယ်ရှိတဲ့ ဦးသူရအောင် ဖြစ်တယ်လို့ သိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်းနဲ့ လက်ရှိမှာတော့ အဲ့ဒီ ရုပ်အလောင်းကို မိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီကို ပိုဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။