၂၀၂၄၊နိုဝင်ဘာလ၊၇ရက်
အာဆင်နယ်နည်းပြ အာတီတာက အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာရှုံးနိမ့်ခဲ့ပေမဲ့ ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်ပွဲမှာတော့ အနိုင်ယူဖို့ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
နည်းပြအာတီတာက “ကျနော်တို့အတွက် ဒီညက အရမ်းကို ကြမ်းတမ်းလွန်းပါတယ်။ သေချာပေါက်ကို ပင်နယ်တီနှစ်လုံးဖြစ်ရမှာပါ။ အထူးသဖြင့် မာရီနိုရဲ့ဖြစ်ရပ်ကို လက်ထိဘောလို့ သတ်မှတ်တယ်ဆိုရင် နောက်ဖြစ်ရပ်ကလည်း ရာနှုန်းပြည့် ပင်နယ်တီဖြစ်ရမှာပါ။ဒီညမှာ အင်တာနဲ့ ကျနော်တို့ရင်ဆိုင်ခဲ့တဲ့ ကစားပုံနဲ့ ချဲလ်ဆီးကို ရင်ဆိုင်ပြီး အနိုင်ကစားနိုင်ပါတယ်။ယုံကြည်မှုလည်းအပြည့်ရှိပါတယ်။”လို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ လေးပွဲမှာ တစ်ပွဲသာနိုင်ထားပြီး အကျပိုင်းကိုရောက်နေသလို တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲကြပ်ကိုကစားရအုံးမှာဖြစ်ပါတယ်။