Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အင်ကြင်းကွန်ဒို အပျက်အစီးမှ ရှာဖွေတွေ့ရှိသည့် တန်ဖိုးကြီးပစ္စည်းများကို ပိုင်ရှင်ထံပြန်လည်ပေးအပ်

၂၀၂၅၊ဧပြီလ၊၁၂ရက်

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့၊ ၂၁x၂၂ လမ်း၊ ၈၀x၈၁ လမ်းကြားက အင်ကြင်းကွန်ဒို အဆောက်အအုံ ရှာဖွေကယ်ဆယ်ရေးမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တဲ့ပစ္စည်းတွေဟာ မီးခံသေတ္တာ၊ အရေးကြီးစာရွက်စာတမ်းများနဲ့ ကျောက်မျက်ရတနာတွေဖြစ်ပြီး ပိုင်ရှင်အစစ်ဆီ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မတ်လ၂၈ရက်နေ့က အင်အားကြီးငလျင်လှုပ်ခတ်ကာ မန္တလေးမြို့မှာ အထိအခိုက်အပျက်အစီး‌တွေ အများကြီးဖြစ်ခဲ့ပြီး ငလျင်ကြီးလှုပ်ခတ်ပြီး ၁၅ရက်မြောက်သည့်တိုင်အောင် ရှာဖွေကယ်ဆယ်ရေးတွေကို ပြုလုပ်နေရဆဲဖြစ်ပါတယ်။

#mercury#mercurynews#ငလျင်#ကယ်ဆယ်‌ရေး #ပြည်တွင်းသတင်း