Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အခွင့်အရေးပေါ်ထွက်လာခဲ့ရင် ဘိုင်ယန်မြူးနစ်ကို တာဝန်ယူလို့ရအောင် ဂျာမန်စကားပြောသင်နေပြီဖြစ်တဲ့ မော်ရင်ညို

ရိုးမားနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ညိုဟာ ဂျာမန်စကားပြော သင်ယူနေပြီလို့ သိရှိရပါတယ်။

မော်ရင်ညိုရဲ့ရည်ရွယ်ချက်ကတော့ ဘိုင်ယန်မြူးနစ်ကို တာဝန်ယူခွင့်ရနိုင်ဖို့ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီပြီးဆုံးလို့ မျှော်လင့်ထားတဲ့အောင်မြင်မှုကို မရရှိခဲ့ရင် ဘိုင်ယန်မြူးနစ်ဒါရိုက်တာဘုတ်အဖွဲ့အနေနဲ့ နည်းပြအပြောင်းအလဲလုပ်ဖို့က သေချာသလောက်ရှိနေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လေဗာကူဆင်ကို ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်လိုက်ပြီးတဲ့နောက် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လေဗာကူဆင်နဲ့ ရမှတ် ၅ မှတ် ပြန်လည်ကွာဟသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ဒါရိုက်တာဘုတ်အဖွဲ့က သူတို့အနေနဲ့ နည်းပြ သောမတ်စ်တူချယ်လ်ရဲ့ရာထူးပိုင်းဆိုင်ရာကို အာမခံချက်ပေးအပ်ထားဆဲပဲလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

နည်းပြ မော်ရင်ညိုဟာ ရိုးမားနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက် သူ့အနေနဲ့ မပြီးပြတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကို အပြီးသတ်ဖို့အတွက် မန်ယူဆီကို တစ်ကျော့ပြန်လည် လာရောက်လိုတယ်လို့လည်း အသိပေးခဲ့ဖူးပါသေးတယ်။