Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အချိန်အခါမဟုတ် မိုးရွာ၊မိုးသက်လေပြင်းတိုက်နိုင်၍သတိပေးချက်ထုတ်ပြန်

————————————————————————

၂၀၂၅ခုနှစ်၊ဧပြီလ၊(၂၅)ရက်

အချိန်အခါမဟုတ် မိုးရွာတာ၊မိုးကြီးတာ၊မိုးသက်လေပြင်းတိုက်နိုင်လို့သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

လေပွေလှိုင်းရဲ့အရှိန် လေနွေးနဲ့ လေအေးတွေ့ဆုံမှုတွေ‌ကြောင့် ဧပြီ(၂၈)ရက်မှမေ(၃)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာနေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#မိုးလေဝသ#ပြည်တွင်းသတင်း