—————————————
၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၊(၄)ရက်
အခုအပတ် ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာ ကို ၆၅၉၅နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
အရင်အပတ်က စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျပ်၆၃၂၀ရှိခဲ့တဲ့ အတွက် ၂၇၅ကျပ်ဈေးတက်သွားဝာာဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်မှ နိုဝင်ဘာလ(၁၀)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၆၅၉၅ကျပ်နဲ့ရောင်းချရမယ်လို့ထုတ်ပြန် ကြေညာထားပါတယ်။
ဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်ခြင်းနဲ့မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေး ထုတ်ပြန်ထားပါတယ်။