Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အခုရက်ပိုင်း မန္တလေး၊စစ်ကိုင်းစတဲ့‌ဒေသအချို့တွင်မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်

————————————————————————–

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၂၀)ရက်

တရုတ်ပြည်မကြီးမှရွေ့လျားလာတဲ့ လေအေးနဲ့ ပင်လယ်ပြင်မှလေနွေးတို့တွေ့ဆုံမှုနဲ့လေဖိအားနည်းရပ်ဝန်းမှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားပါတယ်။

ဒီဇင်ဘာလ(၂၀) ရက်မှဒီဇင်ဘာလ(၂၃)ရက်အတွင်း မန္တလေးတိုင်း ၊ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာ နေရာ ကွက်ကျားမှ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercurynews#Mercury#ပြည်တွင်းသတင်း#မိုးလေဝသ