မတ်လ ၂၇ ရက်မှာ ကျရောက်မယ့် (၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို အဲ့ဒီနေ့ရဲ့ညနေပိုင်းမှာ ပြောင်းလဲကျင်းပမယ်လို့ သိရှိရပါတယ်။
အရင်တုန်းက တပ်မတော်နေ့အခမ်းအနားတွေကို အစဉ်အလာအနေနဲ့ မနက်အစောပိုင်းမှာ စတင်ကျင်းပတာဖြစ်ပေမယ့် အခုနှစ်ကိုရောက်မှ ညနေပိုင်းမှာ ပြောင်းလဲကျင်းပတာလို့ ဆိုပါတယ်။
ရှေးယခင်ကာလတုန်းကလည်း ညပိုင်းမှာ မီးတုတ်တွေနဲ့ချီတက်တဲ့အခမ်းအနား ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
တပ်မတော်နေ့အခမ်းအနားဆီ တက်ရောက်သတင်းရယူမယ့် သတင်းထောက်တွေကိုလည်း မတ်လ ၂၇ ရက်၊ မွန်းလွဲပိုင်းရောက်ရင် သတ်မှတ်ထားတဲ့အချိန်အတွင်း အရောက်လာဖို့ အသိပေးထားပါတယ်။
တပ်မတော်နေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအတွက် နိုင်ငံပိုင်က ကြေညာတဲ့နေရာမှာ မတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှာ စတင်ထုတ်လွှင့်မယ်လို့ သတင်းဖော်ပြထားပါတယ်။