“အခုခေတ် မော်ဒယ်လ်တွေကို ကျော်ဟိန်းက သနားတယ်၊ အခုမော်ဒယ်လ်တွေ ခါးပေါ်၊ ချက်ပေါ်၊ ဗိုက်ပေါ် ဝတ်ပြနေတာတွေကို ကျော်ဟိန်းက ၁၅ နှစ်၊ နှစ် ၂၀ လောက်ကတည်းက ဝတ်ပြပြီးပြီ” – ဒါရိုက်တာ ဒီအေးလွင်
———————
“လူထဲကလူ ဆိုတဲ့ ဇာတ်ကားရိုက်တော့ ကျော်ဟိန်းက လူဆိုးတစ်ယောက် လုပ်ရတယ်။ တခြားကားတွေမှာလည်း လူဆိုး လုပ်ခဲ့ပြီးပြီလေ။ ဒီတော့ ဒီတိုင်း တခြားဇာတ်ကားတွေမှာ ဆိုးနေတာတွေက များနေပြီလေ။ အဲ့မှာ ဝတ်စားဆင်ယင်မှုကို ဘာလုပ်ရင်ကောင်းမလဲဆိုပြီး ကားမရိုက်ခင်မှာ တစ်ချိန်လုံး ကျော်ဟိန်းက ထိုင်စဉ်းစားခဲ့တယ်။ အဲ့အချိန်မှာ ဆွယ်တာအင်္ကျီဝတ်မယ်၊ လွယ်အိတ်ကြီး လွယ်တယ်။ အဲ့ဒီ ဆွယ်တာအင်္ကျီကို ဝတ်ပြီးတော့ သူ့ဟာသူ စိတ်တိုင်းမကျဘူး။ နောက်ဆုံး စိတ်ကူးပေါက်တော့ အောက်ကနေ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်တယ်။ တစ်ဝက်ပေါ့။ ဗိုက်ပေါ်အောင် ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်တယ်။ အခုမှ မော်ဒယ်လ်ကောင်မလေးတွေ ခါးပေါ်တာတွေ၊ ချက်ပေါ်တာတွေ ဝတ်နေကြတာ။ ကျော်ဟိန်းက သနားတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ လောက်ကတည်းက ချက်ပေါ်တာ၊ ဗိုက်ပေါ်တာကို ကျော်ဟိန်းက ဝတ်ပြပြီးပြီ။ အဲ့ဒါအပြင် မျက်နှာကြီးကို ကာချယ်ဆွဲပြီးတော့ မိန်းကလေးတွေစွပ်တဲ့ အသားကပ်ခြေစွပ်ကို ဝယ်ပြီး အဲ့ဒါကြီးကို မျက်နှာမှာ စွပ်ပြခဲ့သေးတာ” – ဒါရိုက်တာ ဒီအေးလွင် (ဒါရိုက်တာ၊ သရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #DAyeLwin #Director #Celebrity #DirectorDAyeLwin #KyawHein #ကျော်ဟိန်း #Actor #Celebrities #ဒါရိုက်တာ #Yangon #Myanmar