နာမည်ကြီးအဆိုတော်တေလာဆွစ်ရဲ့ ဩစတီးယားနိုင်ငံမှာပြုလုပ်ဖို့ရှိတဲ့ဖျော်ဖြေပွဲသုံးခုကို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တာကြောင့်ဖျက်သိမ်းလိုက်တယ်လို့ ဖျော်ဖြေပွဲစီစဉ်သူတွေဘက်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြမ်းဖက်မှုကိုပြုလုပ်နိုင်တဲ့အဓိကသံသယရှိသူနှစ်ဉီးကိုဖမ်းဆီးထားနိုင်ခဲ့ပါတယ်။အဓိကသံသယရှိသူနှစ်ဉီးဟာIS အဖွဲ့ကိုသစ္စာခံထားသူတွေဖြစ်သလိုမြို့တော်ဗီယင်နာမှာပြုလုပ်မဲ့တေလာဆွစ်ရဲ့ဖျော်ဖြေပွဲတွေကိုအဓိက ပစ်မှတ်ထားနေတယ် လို့ဩစတီးယား အာဏာပိုင် တွေဘက်က လည်းထု တ်ပြန်ထားတာဖြစ်ပါတယ်။
ယခုလိုဖျော်ဖြေပွဲတွေကိုဖျက်သိမ်းလိုက်ရတာကြောင့်လက်မှတ်ဖိုးကို သေသေချာချာပြန်အမ်းပေးမယ်လို့စီစဉ်သူတွေကပြောပါတယ်။