၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်ရွေးချယ်ဖို့ ပဏာမ လူတွေ့စစ်ဆေးတာကို မနက်ဖြန် ဒီဇင်ဘာလ ၁၇ ရက်မှာ စတင်ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။
ရွှေကြိုမောင်မယ်ရွေးချယ်ဖို့အတွက် ပဏာမ လူတွေ့စစ်ဆေးတာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ စတင်စစ်ဆေးတော့မှာဖြစ်ကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထားတာဖြစ်ပါတယ်။
ရွှေကြိုမောင်မယ်လျှောက်လွှာအမှတ်စဉ် ၀၀၁ ကနေ ၂၁၆ အထိကို မနက်ပိုင်းမှာ ဆောင်ရွက်မယ်လို့သိရပြီး နေ့လည်ပိုင်းကိုရောက်ရက် လျှောက်လွှာအမှတ်စဉ် ၂၁၇ ကနေ ၃၃၅ အထိကို ပဏာမလူတွေ့စစ်ဆေးမယ်လို့ ဆိုပါတယ်။
အကယ်ဒမီဆုပေးပွဲအတွက် ၂၀၂၃ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့နာမည်တွေကို သက်ဆိုင်ရာထုတ်လုပ်ရေးကုမ္ပဏီတွေကတဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဆီကို ဒီဇင်ဘာလ ၈ ရက် နောက်ဆုံးထားပြီး တောင်းခံထားပြီလည်းဖြစ်ပါတယ်။
ဒီနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။