Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အကယ်ဒမီပေးပွဲအတွက် အဂတိကင်းရှင်းသည့် ရုပ်ရှင်အကဲဖြတ်များခေါ်ယူနေ

————————————————————————-

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၂)ရက်

အခုနှစ် အကယ်ဒမီပေးပွဲ(ရုပ်ရှင်ထူးချွန်ဆုပေးပွဲ)အတွက် အဂတိကင်းရှင်းတာအပါအဝင် သတ်မှတ် အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ရုပ်ရှင်အကဲဖြတ်တွေကိုခေါ်ယူနေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။

အခုနှစ်မှာ ရုပ်ရှင်ထူးချွန်ဆုတွေရွေးချယ်ဖို့အတွက် အကဲခတ်ပညာပြည့်ဝပြီး ဘက်လိုက်ခြင်းကင်းတဲ့ ဆုံးဖြတ်မှုကိုရရှိနိုင်ဖို့အတွက် အကဲဖြတ်ရုပ်ရှင်အနုပညာရှင်၊အတတ်ပညာရှင်တွေကို ဖိတ်ခေါ်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။

ရုပ်ရှပ်ထူးချွန်ဆုအကဲဖြတ်အဖွဲ့ဝင်အဖြစ် ရုပ်ရှင်ထူးချွန်ဆုရထားသူ၊ထူးချွန်ဆုမရသော်လည်း ရုပ်ရှင်ပညာ သည်အဖြစ်ရုပ်ရှင်သက်(၁၀)နှစ်ထက်မနည်းအတွေ့အကြုံရှိသူတွေ၊ဆန္ဒ၊ဒေါသ၊‌ဘယ၊မောဟ အဂတိတရား တွေနဲ့လွတ်ကင်းသူ၊ဘက်လိုက်မှုကင်းသူ၊အုပ်စုဖွဲ့ပြီး မိမိဆန္ဒရှိတဲ့သူကိုထူးချွန်ဆုပေးခြင်းလွတ်ကင်းသူ၊ ရုပ်ရှင်ကားတွေကြည့်ရူဖို့အချိန်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။