Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အကယ်ဒမီဆုအတွက် ဇာတ်ကား(၁၈)ကားအကဲဖြတ်ကြည့်ရူနေ

————————————————————————————————

၂၀၂၅ခုနှစ်၊ဇန်နဝါရီလ၊(၃)ရက်

အကယ်ဒမီဆုချီးမြှင့်ဖို့အတွက် ဇာတ်ကားတွေကိုအကဲဖြတ်ကြည့်ရူတာတွေဆောင်ရွက်နေပြီး ဒုတိယအကြိမ်အကဲဖြတ်ကြည့်ရူမယ့်ဇာတ်ကား(၁၈)ကားရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။

ဒုတိယအကြိမ်အကဲဖြတ်ပြီး ပြန်လည်ကြည့်ရူမယ့်ဇာတ်ကားတွေကတော့ (၁)မရဲ့အေးခဲသွားကြသူများ၊(၂)ဖုန်းရွှေ၊(၃)ဘိုးတော်ကင်း၊ (၄) အရက်စက်ဆုံးအနမ်း၊(၅)သံယောဇဉ်တွေသာကျည်ဆန်ဖြစ်ခဲ့ရင်၊(၆)ယောက်ကျားကောင်းအတောင်နှစ်ဆယ်၊(၇)တခုတ်တရ၊(၈)အစိုးမရ အနတ္တ၊(၉)စိတ်ကကြိုး၊(၁၀)နှောင်၊(၁၁)သဘင်သည်မြနှင်းဆီ၊(၁၂)အိပ်မက်ကာရန်၊(၁၃)မီး၊(၁၄)ချစ်သူသည်သာပန်းတစ်ပွင့်ဖြစ်လျှင်၊(၁၅) နို့ထမင်း၊(၁၆)တိမ်ပန်းချီ၊(၁၇)မိတင်စိန်၊(၁၈)မေတ္တာဆိုတဲ့ဇာတ်ကားတွေပါဝင်ပါတယ်။

အကယ်ဒမီဆုပေးပွဲ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ၁၉၅၂ခုနှစ်ကစတင်လို့ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာ၁၉၅၃ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းကစတင်ကျင်းပခဲ့တာဖြစ်ပြီး အခုလာမယ့်၂၀၂၅ခုနှစ်မှာတော့ ဖေဖော်ဝါရီလ(၉)ရက်မှာ နေပြည်တော်မှာ ကျင်းပသွားဖို့ရှိပါ တယ်။

လာမယ့်အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရွှေစင်ရုပ်တု(၁၅)ဆုချီးမြှင့်ထားဖို့ရည်မှန်းထားပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ရုပ်ရှင်တစ်သက်တာဆု(၃)ဆုနှင့် အကယ်ဒမီဆု(၁၂)ဆုစုစုပေါင်း(၁၅)ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

#Mercury#mercurynews#ပြည်တွင်းသတင်း#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး#အကယ်ဒမီဆုပေးပွဲ#အကယ်ဒမီဆု