အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်ကားတွေကို တစ်ခါမှ Remade ပြန်လုပ်ပြီး ရိုက်ကူးခဲ့တာ မရှိခဲ့တဲ့ ဟောလိဝုဒ်ဟာ အခုတော့ အိန္ဒိယရုပ်ရှင်ကားတစ်ကားကို Remade ပြန်လည်ရိုက်ကူးတော့မယ်လို့ သိရှိရပါတယ်။
ဟောလိဝုဒ်ဘက်ကနေ Remade အဖြစ် ပြန်လည်ရိုက်ကူးမယ့် အိန္ဒိယရုပ်ရှင်ကားကတော့ Drishyam ဖြစ်ပါတယ်။
Drishyam ဟာ မာလာယာလမ်းဇာတ်ကားအဖြစ် စတင်ထွက်ရှိကာ အောင်မြင်ခဲ့ပြီး ဟောလိဝုဒ်ဘက်ကနေ မင်းသား အဂျေးနဲ့ မင်းသမီး တာဘူးတို့က ပြန်လည်ရိုက်ကူးလိုက်ချိန်မှာ လျှမ်းလျှမ်းတောက်သွားခဲ့ပါတယ်။
Drishyam က ကြီးမားလှတဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ရရှိခဲ့လို့ Drishyam 2 တောင် ဆက်လက် ထွက်ရှိလာခဲ့ပြီး ဘောလိဝုဒ်ဘက်ကလည်း Drishyam 2 ကိုပါ ပြန်လည်ကူးယူ ရိုက်ကူးခဲ့ပါတယ်။
ရဲအရာရှိအမျိုးသမီးရဲ့သားက သမီးဖြစ်သူကို စော်ကားဖို့ ကြံရွယ်တာကြောင့် ဇနီးနဲ့ သမီးဖြစ်သူက ရဲအရာရှိရဲ့သားကို သ..–တ်မိလိုက်ချိန်မှာ ဖခင်ဖြစ်သူကို အလောင်းကိုဖျောက်ပြီး အမှုကလွတ်အောင် စနစ်တကျ ဥာဏ်တစ်ကွက်ပြေးပုံစံနဲ့ စီမံသွားတာက Drishyam ကို ပရိသတ် သဘောကျစေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။
အခုတော့ Drishyam ဟာ ဟောလိဝုဒ်ဘက်ကနေ ပထမဆုံး Remade ပြန်ရိုက်မယ့် ဘောလိဝုဒ်ဇာတ်ကားအဖြစ် မှတ်တမ်းဝင်သွားခဲဒ့ပါတယ်။ ဟောလိဝုဒ်ဟာ Drishyam ကို ၂၀၂၅ ခုနှစ်မှာ ရိုက်ကူးရေးစတင်ပြီး ၂၀၂၆ မှာ တင်ဆက်ပြသနိုင်အောင် ရည်မှန်းထားတယ်လို့ သိရှိရပါတယ်။