Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဟာနဲဒါ့ လေဆိပ်မှာ ခရီးသည်တင်လေယာဉ်နဲ့ ကမ်းခြေစောင့်တပ် လေယာဉ်တို့ မတော်တဆ တိုက်မိပြီး မီး-လောင်

တိုကျို၊ ဇန်နဝါရီ ၂

ဂျပန်လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ အင်္ဂါနေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှာ တိုကျိုမြို့၊ ဟာနဲဒါ့ လေဆိပ်‌ပြေးလမ်းပေါ်မှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ လေယာဉ်တစ်စင်းနဲ့ တိုက်မိပြီး မီး – လောင်ခဲ့တယ်လို့ သိရပါတယ်။

JL516 ခရီးသည်တင်လေယာဉ်ဟာဟော့ကိုင်းဒိုးကျွန်းကနေ ခရီးသည် (၃၇၉) ယောက်ကို သယ်ပြီးပျံသန်းလာတာဖြစ်ပြီး ဟာနဲဒါ့ လေဆိပ်ကိုအဆင်းမှာ စစ်သား (၆) ယောက်ပါတဲ့ ကမ်းခြေစောင့်လေယာဉ်နဲ့တိုက်မိပြီး မီး- လောင်သွားခဲ့တာဖြစ်ပါတယ်။

ခရီးသည်တင်လေယာဉ်ပေါ်က ခရီးသည် (၃၇၉) ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ကမ်းခြေစောင့်တပ်လေယာဉ်ပေါ်က ဂျပန်စစ်သား (၆ ) ဦးအနက်(၁) ဦးသာ အသက်ရှင်လျှက် ပြန်ထွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းအရ ခရီးသည်တင်လေယာဉ်ဟာ တိုကျိုမြို့ ဟာနဲ့ဒါ့ လေဆိပ်ပြေးလမ်းပေါ်မှာ ကမ်းရိုးတန်းစောင့်လေယာဉ်နဲ့ တိုက်မိပြီး လမ်းပေါ်ကနေချော်ကျကာ မီး- လောင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

1