Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သံလွင်မြစ်ရေနဲ့ ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတဲ့အတွက် မြစ်ကမ်းအနီးနေထိုင်သူများသတိပြုဖို့လိုအပ်

ဇူလိုင်၂၅

သံလွင်မြစ်ရေနဲ့ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတဲ့အတွက် မြစ်ကမ်းအနီးနေထိုင်သူတွေသတိပြုဖို့လိုတယ်ဟု မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီနေ့ ဇူလိုင်လ၂၅ရက်နေ့မှာ နံနက် (၁၀) နာရီ သတင်းအ‌နေနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်၂၄.၆ပေ (၇၅၀စင်တီမီတာ) အထက်ကို တစ်ပေကျော်ခန့်ကျော်လွန်ရောက်ရှိနေတဲ့အတွက် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့်ဆက်လက်မြင့်တက်လာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်၂၂.၉၇ပေ (၇၀၀စင်တီမီတာ) အထက်ကို လေးပေကျော်ခွဲခန့် ကျော်လွန်ရောက်ရှိနေတာဖြစ်လို့ နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းနိုင်ပေမဲ့ စိုးရိမ်ရေမှတ် အထက်ဆက်လက်တည်ရှိနေမယ်လို့ထုတ်ပြန်ထားပါတယ်၊ ဘားအံမြို့နဲ့ရွှေကျင်မြို့နယ်အတွင်း‌ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းများနေထိုင်သူတွေအနေနဲ့ အထူးသတိပြုဖို့လိုအပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#Mercury #ရွှေကျင်မြစ် #သံလွင်မြစ် #မြန်မာ့သတင်း #မြစ်ရေကြီး #စိုးရိမ်ရေမှတ်

#Mercury Media